ခရစ္စမတ်ရဲ့ မူလဘတ![]()
ခရစ်တော်ရဲ့ မွေးနေ့မွေးရက်အမှန်ကို မသိပေမယ့် သမိုင်းပညာရှင်အများအပြားက ခရစ်တော်ကို စက်တင်ဘာလထဲမှာ မွေးဖွားသန့်စင်တယ်လို့ လက်ခံထားကြတယ်။ သိုးကျောင်းသားတွေဟာ အဲဒီလို အေးစက်တဲ့ ဒီဇင်ဘာညတွေမှာ သူတို့သိုးတွေကို ကျောင်းလေ့မရှိခဲ့ကြတဲ့အတွက် ခရစ်တော်ကို ဒီဇင်ဘာလထဲမှာ မွေးဖွားသန့်စင်တာ ဖြစ်နိုင်ခြေမရှိဆိုတဲ့ အချက်တစ်ချက်ပေါ်မှာ သမိုင်းပညာရှင်တွေက သဘောတူခဲ့ကြတယ်။ BC- ၃၅၀ မှာ ပုပ်ရဟန်းမင်းကြီး ဂျူးလီးယက်စ်က ခရစ်တော်ရဲ့ မွေးနေ့ကို ဒီဇင်ဘာ- ၂၅ ရက်မှာ ကျင်းပရမယ်လို့ မိန့်ဆိုကြေညာခဲ့တယ်။ ရောမတွေဟာ ယခင်ကလည်း နတ်ဘုရားတစ်ပါးကို ဂါရ၀ပြုဖို့အတွက် (ဒီဇင်ဘာလထဲမှာ လုပ်လေ့ရှိတယ်။) သူတို့ရဲ့ ဗာဟီရ အယူဝါဒပွဲတော်တွေကို နာမည်သာပြောင်းပြီး ကျင်းပလေ့ရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ဆိုချက်ဟာ ဗာဟီရ၀ါဒီရောမလူမျိုးတွေအတွက် ခရစ်ယာန်ဘာသာ တရားအသစ်ကို လက်ခံဖို့ လွယ်ကူစေခဲ့တယ်……………..။။
ခရစ္စမတ်သစ်ပင်![]()
ခေတ်သစ် ခရစ္စမတ်သစ်ပင်ဟာ (၈)ရာစုနှစ် အတွင်းက သက်ဆင်းလာခဲ့ဖြစ်တယ်။ စိန့်ဘွန်နီဖေ့စ်က ဂျာမန်းနစ်လူမျိုးစုတွေကို ခရစ်ယာန်ဘာသာဝင်အဖြစ်ပြောင်းပေးတဲ့အချိန်ကစလို့ပေါ့။ ဒီလူမျိုးစုတွေက အရင်က ၀က်သစ်ချပင်ကို ကိုးကွယ်ခဲ့ကြပြီး ဆောင်းယာဉ်စွန်းချိန် (ဒီဇင်ဘာ ၂၂ ရက်) အတွက် ၀က်သစ်ချပင်တွေကို အလှဆင်ခဲ့ကြတယ်။ စိန့်ဘွန်နီဖေ့စ်က ၀က်သစ်ချပင်ဟာ အလေးအမြတ်ထားအပ်တဲ့ သစ်ပင်မဟုတ်ဘူး။ သူပေါက်ရာတစ်လျှောက်မှာ စားပင်သီးပင်တွေကို ဖျက်ဆီးတဲ့ အပင်ဖြစ်တယ် ဆိုပြီး ၀က်သစ်ချပင်တစ်ပင်ကို ခုတ်လှဲပြခဲ့တယ်။ အဲဒီလို ခုတ်တဲ့အချိန်မှာ ထင်းရှူးပင်ငယ်တွေကို ချန်ထားခဲ့တယ်…။ ဒီစိမ်းလန်းတဲ့ ထင်းရှုးပင်ဟာ အဲဒီအချိန်မှာ ခရစ်ယာန်ဘာသာရေးရဲ့ သင်္ကေတတစ်ခုဖြစ်လာခဲ့တယ်။ ဘာသာပြောင်း ကိုးကွယ်ကြတဲ့ ဂျာမန်းနစ်တွေဟာ အဲဒီအပင်ကို ခရစ္စမတ်အတွင်း အလှဆင်းပြီး ခရစ္စမတ်သစ်ပင်အဖြစ် လက်ခံအသိအမှတ်ပြုရာက စခဲ့တယ်……….။
ခရစ္စမတ်ကတ်![]()
ခရစ္စမတ်ကတ်ပို့တဲ့ ယဉ်ကျေးမှုအလေ့အထဟာ ၀ိတိုရိယခေတ် အင်္ဂလန်က စခဲ့တာဖြစ်တယ်။ အဦးဆုံးအပိုင်းကာလမှာ ခရစ္စမတ်စာတွေကို လက်ရေးနဲ့ ရေးခဲ့ကြတယ်။ လက်ရေးနဲ့ရေးတာဟာ အချိန်အများကြီး ကုန်တဲ့အတွက် ၁၈၃၄ခုနှစ်မှာ ဆာဟင်နရီကိုးလ်က ပန်းချီဆရာ ဂျွန်ကယ်လ်ကော့တ်ကို ခရစ္စမတ်ကတ်ပြားတွေ ရိုက်နှိပ်ဖို့ ပြောခဲ့တယ်။ ခရစ္စမတ်ကတ်ပြား ၁၀၀၀ ကို အဖြူအမဲရိုက်နှိပ်ပြီး အေ၇ာင်းကို လက်နဲ့ လိုက်တင်တယ်။ အဲဒီခရစ္စမတ်ကတ်ထဲက ပုံမှာ မိသားစုတစ်စု ပျော်ပျော်ရွှင်ရွှင်နဲ့ “တို့စ်” လုပ်နေတဲ့ပုံကို ဖော်ကျူးထားတယ်။ ဒါပေမယ့် အရက်သောက်ဖို့အတွက် မြှောက်ပေးတယ်ဆိုပြီး အဝေဖန်ခံခဲ့ရတယ်။ လန်ဒန်က ပုံနှိပ်ထုတ်ဝေသူ ချားလ်စ်ဂွတ်ဒေါဟာ ခရစ္စမတ်ကတ်ပြားကို အမြောက်အမြား စတင်ထုတ်လုပ်ခဲ့သူဖြစ်တယ်။ ၁၇၆၂ ခုနှစ်မှာ (A MERRY CHRISTMAS) ဆိုတဲ့ နှုတ်ခွန်းဆက်စာတမ်းပါတဲ့ ကတ်ပြားတွေ ထည့်သွင်းဖန်တီးထုတ်လုပ်နိုင်ခဲ့ကြတယ်။ ယခုနောက်ပိုင်းအထိ ဒီဇိုင်းအမျိုးမျိုးနဲက ကတ်တွေထုတ်ခဲ့တဲ့အတွက် နှင်းလူသားတွေ အမြဲစိမ်းသစ်ပင်တွေ နွားစာခွက်တွေ ခရစ္စမတ်နှုတ်ဆက်စာတမ်းတွေနဲက တစ်မျိုးနဲ့ တစ်မျိုးမတူအောင် ပေါ်ထွက်လာခဲ့တယ်။
သကြားချောင်း CANDY CANE![]()
မုန့်ထုတ်လုပ်တဲ့ ဆိုင်းကြီးတစ်ဆိုင်က “ယေရှုခရစ်” ကို ကိုယ်စားပြုဖို့ (CANDY CANE) ကို ထုတ်လုပ်ခဲ့တယ်လို့ အတော်များများက လက်ခံခဲ့ကြတယ်။ (CNADY CANE) ဟာ တုတ်ကောက်ပုံစံနဲ့တူပြီး ယေရှုကို ကိုယ်စားပြုတဲ့ သဘောပဲပေါ့။ တနည်းအားဖြင့် သိုးထိန်း တွေကိုင်တဲ့တုတ်နဲ့လည်း တူနေတယ်လေ။ သကြားချောင်း (CNADY CANE) မှာပါတဲ့ အဖြူရောင်ဟာ သန့်စင်မှုရဲ့ သင်္ကေတဖြစ်ပြီး အနီစင်းလေးတွေက သွေးကို ညွှန်းဆိုတယ်။ (CNADY CANE) မှာပါတဲ့ ပက်ပါးမင့်ရနံ့ဟာ သမ္မာကျမ်းစာတွေထဲမှာ ဖော်ပြထားတဲ့ အရှေ့အလယ်ပိုင်းထွက် HYSSပင်ထွက် ရနံ့ကို အမှတ်ပြန်ရစေတယ်။
မြင့်မြတ်တဲ့ ခရစ်စ္စမတ်သစ်ပင်![]()
![]()